Call+66 2 826 9971

2/4 Wireless Road, Lumpini, Pathumwan, Bangkok 10330

08:00-17:00 MON - FRI, 08:00-12:00 SAT

Blastocyst Culture

Blastocyst culture ဆိုသည်မှာ သန္ဓေသားလောင်း‌၏ ဖွံဖြိုးမှုအဆင့်ဆင့်ကို တိုးချဲ့ရန်နှင့် ကနဦးအဆင့် ဖွံ့ဖြိုးရေးအတွက် ပတ်ဝန်းကျင်အနေအထားများကို ထိန်းချုပ်ခြင်းဖြင့် လူ့ခန္ဓာကိုယ်ပြင်ပရှိ ဓာတ်ခွဲခန်းအတွင်းတွင် သန္ဓေသားကို ပြုစုပျိုးထောင်သည့် ဓာတ်ခွဲခန်းနည်းပညာတစ်ခုဖြစ်ပါသည်။ သန္ဓေသားပြုစုပျိုးထောင်ခြင်း ပြုလုပ်ပြီး ၅ရက်မှ ၆ ရက်အကြာတွင် Bloastocyst ဟုခေါ်သောအဆင့်ရောက်သည်နှင့် သားအိမ်ထဲသို့ ပြန်လည် ထည့်သွင်းပါသည်။ သို့သော် သန္ဓေသားလောင်းအချို့သာလျှင် blastocyst အဖြစ်သို့ ဖွံ့ဖြိုးလာပါသည်။ ဤသို့ပြုလုပ်ခြင်းကြောင့် ရွေးချယ်စရာပိုရလာကာ သန္ဓေသားလောင်းအဆင့်ထက် ကိုယ်ဝန်ရနိုင်ချေပိုများပါသည်။

Blastocyst Culture ၏ အကျိုးကျေးဇူးများ

  • ပြန်လည်ထည့်သွင်းသောအခါတွင် သန္ဓေသားလောင်းအရည်အသွေးမြင့်မားခြင်းကြောင့် ကိုယ်ဝန်ရနိုင်မှု ပိုများပါသည်။ Blastocyst ဆိုသည်မှာ သဘာဝ ကိုယ်ဝန်ကို တုပထားသည့် ကုထုံးတစ်ရပ်ဖြစ်ပါသည်။ ထိုနည်းလမ်းတွင် ပျိုးထောင်ပြီးနောက် သားအိမ်ထဲသို့ ထည့်သွင်းခြင်း မပြုမီ သန္ဓေအောင်သော မမျိုးဥကို blastocyst အဖြစ် ဦးစွာ ပျိုးထောင်ပါသည်။
  • သုံးရက်ကြာ ပျိုးထောင်ပြီးနောက် သားအိမ်ထဲသို့ ပြန်လည်ထည့်သွင်းသည့် ပုံမှန် နည်းလမ်းများနှင့် ယှဥ်လျှင် blastocyst အဆင့်သို့‌ရောက်ပြီးမှ ထည့်သွင်းခြင်းသည် အောင်မြင်သော ကိုယ်ဝန်ရနိုင်ခြင်းကို မြင့်မားစေပြိး ကလေးနှစ်ယောက်ထက်ပို၍ ကိုယ်ဝန်ဆောင်ခြင်းကိုလည်း လျှော့ချပေးပါသည်။

เตรียมความพร้อมการมีบุตร ปรึกษาหรือนัดหมายแพทย์ ผ่านทาง Line