Call+66 2 826 9971

2/4 Wireless Road, Lumpini, Pathumwan, Bangkok 10330

08:00-17:00 MON - FRI, 08:00-12:00 SAT

အဖမျိုးစေ့ ထုတ်ယူခြင်း အဆင့်ဆင့် (PESA & TESE)

သုတ်နမူနာတွင် အဖမျိုးစေ့များ မပါသည့် အမျိုးသားများတွင် Percutaneous Epididymal Sperm Aspiration (PESA) နှင့် Testicular Sperm Aspiration (TESE) ကို ပြုလုပ်ပေးပါသည်။ လက်ရျိတွင် ဝှေးစေ့အတွင်းရှိ အဖမျိုးစေ့များကို စစ်ဆေးသည့် နည်းလမ်းများရှိပါသည်။ အဖမျိုးစေ့များ ထုတ်ယူကာ အောက်ပါအတိုင်း အဆင့်မြင့်နည်းလမ်းများဖြင့် သန္ဓေအောင်ကာ ကိုယ်ဝန်ရစေရန်အတွက် အမိမျိုးဥနှင့် အဖမျိုးစေ့ကို မျိုးဖောက်ပေးသည့် နည်းလမ်းများရှိပါသည်။

PESA သို့မဟုတ် Percutaneous Epididymal Sperm Aspiration နည်းလမ်းတွင် အပ်သေးသေးဖြင့် ကပ်ပယ်အိတ်ကို ဖောက်လျက် အဖမျိုးစေ့များကို စုပ်ယူပါသည်။ အဖမျိုးစေ့များကို ထုတ်ယူပြီး ICSI အတွက် ပြင်ဆင်ပါသည်။

TESA သို့မဟုတ် Testicular Sperm Aspiration မှာ ဝှေးစေ့ကို ခွဲစိတ်ကာ အတွင်းရှိ အဖမျိုးစေ့ကို ထုတ်ယူခြင်းဖြစ်သည်။ ထို့နောက် ထုတ်ယူထားသော အဖမျိုးစေ့ဆဲလ်ကို ICSI အတွက် ပြင်ဆင်ပါသည်။

MESA သို့မဟုတ် Microsurgical Epididymal Sperm Aspiration တွင် အနုကြည့်မှန်ပြောင်းဖြင့် ကြည့်လျက် သုတ်ရည်အိတ်အတွင်းရှိ သုတ်လွှတ်ပြွန်ကို ထုတ်ဖယ်လျက် တစ်ချက် လှီးဖြတ်ကာ အထဲမှ အဖမျိုးစေ့အရည်များ ရယူပါသည်။ ထုတ်ယူထားသော အဖမျိုးစေ့များကို ICSI အတွက် ပြင်ဆင်မည်ဖြစ်ပါသည်။


เตรียมความพร้อมการมีบุตร ปรึกษาหรือนัดหมายแพทย์ ผ่านทาง Line