Call+66 2 826 9971

2/4 Wireless Road, Lumpini, Pathumwan, Bangkok 10330

08:00-17:00 MON - FRI, 08:00-12:00 SAT

IVF

“ပြီးပြည့်စုံသော မိသားစုဘဝဆိုသည်ကို အိပ်မက်တစ်ခု”

အကယ်၍ သင့်အနေဖြင့် အောက်ဖော်ပြပါ အမျိုးအစားများထဲတွင် ပါဝင်နေသည်ဆိုလျှင်

  • အိမ်ထောင်သက် နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း ကလေးမရှိသေးခြင်း
  • သန္ဓေတားနည်းလမ်းများ မသုံးဘဲ ပုံမှန်သံဝါသမှုပြုပြီးနောက်တွ၊င် ကလေးမ‌ရသေးခြင်း
  • intrauterine insemination ခေါ် သန္ဓေအောင်ရေးနည်းလမ်းများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးမှုများစွာ ခံယူပြီးသော်လည်း မအောင်မြင်သေးခြင်း
  • အသက်အရွယ်ကြီးလာသော်လည်း ကလေးမရသေးခြင်း
  • ပိတ်ဆို့မှုရှိနေသော သို့မဟုတ် ပျက်စီးနေသော မျိုးဥလမ်းကြောင်းရှိနေသော အမျိုးသမီးများ
  • သုတ်လွှတ်မှုနည်းပါးသော အမျိုးသားများ၊ သုတ်ပိုးများအနေဖြင့် သားအိမ်လမ်းကြောင်းအတွင်းရှိ အကျိအချွဲများကို ဖြတ်ကျော်နိုင်မှုမရှိခြင်း၊ သို့မဟုတ် ဖြတ်ကျော် ရှင်သန်နိုင်စွမ်းမရှိခြင်း
  • ကျွန်ုပ်တို့၏ IVF ဝန်ဆောင်မှုဖြင့် “ပြီးပြည့်စုံသော မိသားစု”ကို လာပြီး တည်ဆောက်လှည့်ပါ

In vitro fertilization (IVF) (ဖန်ပြွန်အတွင်းတွင် အမိမျိုးဥနှင့် အဖမျိုးစေ့ကို ထိတွေ့စေသည့် နည်းလမ်း) သည် သဘာဝအတိုင်း သန္ဓေအောင်ခြင်းကို တုပထားသည့် ဖန်ပြွန်သန္ဓေသား နည်းလမ်းဖြစ်ပါသည်။ တစ်သက်လုံး များဥမကြွေခြင်းကို ဖြစ်စေသည့် သားအိမ်ပြွန် ပုံမှန် မဖြစ်ခြင်း၊ ဟိုမုန်း ပုံမှန် မဖြစ်ခြင်း၊ သို့မဟုတ် အမျိုးသားများတွင် အဖမျိုးစေ့ ချို့ယွင်းမှုအနည်းငယ်ရှိနေခြင်း တို့ကဲ့သို့သော အချို့သော က‌လေးမရနိုင်သည့် အကြောင်းရင်းများကို ဖြတ်ကျော်လျက် သန္ဓေသားကို ဖန်တီးရန်အတွက် ဤနည်းလမ်းကို အသုံးပြုပါသည်။

ကုသမှု အဆင့်ဆင့်

  1. ဓမ၎တာလာပြီး နှစ်ရက်မြောက်နေ့တွင် ဆရာဝန်သည် အမျိုးသမီးတွင် မျိုးဥကြွေအောင် လှုံ့ဆော်သည့် ဆေးများပေးမည်ဖြစ်ပါသည်။ ထိုသို့ လုပ်ဆောင်ရာတွင် ၁၀ရက်မှ ၁၂ ရက်အထိ ဆက်တိုက်လုပ်ဆောင်ရပါသည်။
  2. အဆိုပါ လုပ်ဆောင်မှုအပြီးတွင် ၃၄နာရီမှ ၃၈ နာရီတွင် မမျိုးဥများကို ထုတ်ယူခြင်း မပြုလုပ်မီ နောက်ဆုံး ဟိုမုန်း ထိုးပေးမည်ဖြစ်သည်။ ထိုသို့ မပြုလုပ်မီ အာထရာဆောင်းကို အသုံးပြုကာ မျိုးဥ၏ ပမာဏနှင့် အရွယ်အစားကို စစ်ဆေးအကဲဖြတ်မည်ဖြစ်ပါသည်။
  3. မအင်္ဂါအတွင်းမှ ထုတ်ယူသည့်နည်းဖြင့် မမျိုးဥများကို ထုတ်ယူမည်ဖြစ်ပါသည်။ ထိုသို့ ပြုလုပ်မှုသည် ၁၅ မိနစ်မှ ၂၀ မိနစ်အထိ ကြာတတ်သည်။
  4. ဓာတ်ခွဲခန်းအတွင်းတွင် မမျိုးဥနှင့် အဖမျိုးစေ့ကို သန္ဓေစပ်ပေးမည်ဖြစ်ပါသည်။ ဤအခါတွင်တော့ မျိုးဥကြွေခြင်းနှင့် ပတ်သက်၍ အထောက်အပံ့ပေးရန်အတွက် အမျိုးသမီးကို ဟိုမုန်းဆေးများ ပေးမည်ဖြစ်ပါသည်။
  5. မျိုးဥထုတ်ယူပြီး သုံးရက်မှ ငါးရက်အကြာ သန္ဓေသားလောင်း ဖွံ့ဖြိုးလာသည့်အခါတွင် ဆရာဝန်က မိခင်ဖြစ်သူထံ မွေးလမ်းကြောင်းမှ တစ်ဆင့် သားအိမ်ထဲသို့ သန္ဓေသားလောင်းကို ပြန်လည် ထည့်သွင်းပေးမည်ဖြစ်ပါသည်။

เตรียมความพร้อมการมีบุตร ปรึกษาหรือนัดหมายแพทย์ ผ่านทาง Line