Call+66 2 826 9971

2/4 Wireless Road, Lumpini, Pathumwan, Bangkok 10330

08:00-17:00 MON - FRI, 08:00-12:00 SAT

Intrauterine Insemination (IUI)

မည်သည့်အကြောင်းကြောင့်ဟု ဆို၍မရနိုင်ဘဲ ကလေးမရသော ဇနီးမောင်နှံများအတွက် အဖမျိုးစေ့ကို သားအိမ်ထဲသို့ ထည့်သွင်းပေးသည့်နည်းလမ်း (IUI) သည် မကြာခဏအသုံးပြုခံရသော မျိုးပွားခြင်းအတွက် အထောက်အကူပြု နည်းပညာဖြစ်ပါသည်။ IUI နည်းလမ်းသည် အောင်မြင်သော ရလဒ်များကို ဖော်ဆောင်ပေးပါသည်။ ထို့အပြင် ဘေးကင်းမှုရှိကာ ကုန်ကျမှုနည်းသော နည်းလမ်းလည်းဖြစ်ပါသည်။ သက်တမ်းရင့်သော အမမျိုးစေ့များရရှိရန်အတွက် မျိုးဥကြွေအောင်လှုံ့ဆော်ပေးသော ဆေးဝါးများကို အသုံးပြုလျက် လုပ်ဆောင်နိုင်ပါသည်။ သားဥကြွေခြင်းကို သိရှိနိုင်ရန်အတွက် အာထရာဆောင်းရိုက်ခြင်း၊ ဆေးဝါးများ အသုံးပြုခြင်းဖြင့်‌ ဆောင်ရွက်နိုင်ပါသည်။ သားဥကြွေချိန်တွင် သားအိမ်ထဲသို့ ထည့်သွင်းရန်အတွက် အသင့်လျော်ဆုံးသော အဖမျိုးစေ့ကို သိရှိနိုင်ရန်၊ သားအိမ်ပြွန်အတွင်း ရောက်ရှိနိုင်ခြေကို တိုးမြှင့်ရန်နှင့် ကလေးရရှိနိုင်ချေကို တိုးမြှင့်ရန်အတွက် အမျိုးသား၏ သုတ်ရည်ကို ခွဲခြမ်းစိတ်ဖြာ စစ်ဆေးမည်ဖြစ်သည်။

ကုသမှုအဆင့်ဆင့်များ

  1. အမျိုးသမီးဓမ္မတာလာပြီး ပထမရက်အပြီးတွင် ၂ရက်မြောက်၊ သို့မဟုတ် ၃ ရက်မြောက်နေ့မှ စကာ သားဥကြွေခြင်းဆေးဝါးများကို အသုံးပြုကာ အမိမျိုးဥကို ထုတ်ယူမည်ဖြစ်သည်။
  2. ဓမ္မတာလာပြီး ၁၁ - ၁၃ ရက်တွင် မမျိုးဥ ထုတ်လွှတ်ရေး လှုံ့ဆော်မှု ဆေးဝါးပေးနေမှုကို ချိန်ညှိရန်အတွက် အမိမျိုးဥအရေအတွက်နှင့် ပမာဏကို သိရှိန်ရန်၊ အာထရာဆောင်းရိုက်မည်ဖြစ်သည်။
  3. မျိုးဥက ၁၇-၁၈ မီလီမီတာခန့် အရွယ်အစားရောက်လာသည့်အခါတွင် ဆရာဝန်က မျိုးဥကြွေစေရန်အတွက် ဆေးထိုးပေးမည်ဖြစ်သည်။
  4. ဆေးထိုးပြီး ၁-၂ ရက်အကြာတွင် သန္ဓေသားအောင်ရေးအတွက် ဆောင်ရွက်ရန် ဇနီးမောင်နှံကို ချိန်းဆိုမည်ဖြစ်သည်။ အားအကောင်းဆုံးသော အဖမျိုးစေ့ကို ရွေးချယ်ရန်အတွက် သုတ်နမူနာကို စုဆောင်းမည်ဖြစ်သည်။ ထိုသို့ရွေးချယ်ခြင်းမှာ ၂နာရီမှ ၃ နာရီအထိ ကြာတတ်သည်။
  5. သားအိမ်ထဲသို့ အဖမျိုးစေ့ထည့်သွင်းရန်အတွက် catheter ကို အသုံးပြုမည်ဖြစ်သည်။ ထိုသို့ ပြုလုပ်ရာတွင် ၁၀ မိနစ်မှ မိနစ်နှစ်ဆယ်ခန့် ကြာတတ်သည်။ မေ့ဆေးပေးရန်မလိုအပ်သကဲ့သို့ နာကျင်မှု ပျောက်စေသည့် ဆေးဝါးများလည်း အသုံးပြုရန်မလိုပေ။ အဆိုပါ ကုသမှု၏အောင်မြင်မှုမှာ မမျိုးဥနှင့် အဖမျိုးစေ့၏ အရေအတွက်နှင့် ပမာဏ၊ အမျိုးသမီး၏ အသက်၊ ကျန်းမာရေးအခြေအနေတို့အပေါ်တွင် မူတည်သည်။ ယေဘုယျအားဖြင့် အောင်မြင်နိုင်‌မှုမှ ဓမ္မတာတစ်ပတ်လျှင် ရာခိုင်နှုန်း ၁၀မှ ၂၀ အထိ မြင့်သည်။ IUI နည်းလမ်းသည် အဖမျိုးစေ့ထုတ်လွှတ်မှု နည်းပါးသော အမျိုးသားများအတွက်လည်း ကလေးရနိုင်မှုမြင့်မားစေကြောင်း လေ့လာမှုများက ဆိုထားသည်။

เตรียมความพร้อมการมีบุตร ปรึกษาหรือนัดหมายแพทย์ ผ่านทาง Line