Call+66 2 826 9971

2/4 Wireless Road, Lumpini, Pathumwan, Bangkok 10330

08:00-17:00 MON - FRI, 08:00-12:00 SAT

သန္ဓေသား အေးခဲသိမ်းဆည်းထားခြင်း

အဖမျိုးစေ့ကို ဖြစ်စေ၊ သန္ဓေသားကို ဖြစ်စေ သိုလှောင် သိမ်းဆည်းရာတွင် ကောင်းမွန်သော နည်းလမ်းမှာ ရေရှည် သိမ်းဆည်းရန်အတွက် သုညဒီဂရီအောက် အပူချိန်တွင် ချက်ချင်း အေးခဲသိမ်းဆည်းထားခြင်းဖြစ်ပါသည်။ သန္ဓေသား အေးခဲခြင်းနှင့် မျိုးဥအေးခဲ သိမ်းဆည်းခြင်းမှာ အမွာသန္ဓေတည်နိုင်ချေရှိခြင်းကို လျှော့ချပေးရန်၊ မျိုးဥကြွေပြီးနောက် သန္ဓေသားများ ကျန်ရှိနေနိုင်ချေကို လျှော့ချရန်နှင့် ကိုယ်ဝန်ရရှိမှု အောင်မြင်စေရန် ရည်ရွယ် ပါသည်။ BDMS Wellness Clinic ရှိ Fertility Clinic သည် သန္ဓေသား အေးခဲသိမ်းဆည်းခြင်းအတွက် vitrification နည်းလမ်းကို အသုံးပြုပါသည်။ ထိုနည်းလမ်းတွင် အပူချိန်ကို ချက်ချင်း အများအပြား လျှော့ချလိုက်ကာ မျိုးဥ သို့မဟုတ် သန္ဓေသားကို ခဲသွားသည့်အနေအထားမျိုးဖြစ်အောင် လုပ်လိုက်ခြင်းဖြစ်သည်။ အဆိုပါ ချက်ချင်း အေးခဲလိုက်သည့်နည်းလမ်းသည် မျိုးဥကိုလည်းကောင်း၊ သန္ဓေသားကိုလည်းကောင်း ထိခိုက်စေသာ ရေခဲအစများကို ကာကွယ်ပေးသည်။ ထို့ကြောင့် မျိုးဥ သို့မဟုတ် သန္ဓေသား အောင်မြင်နိုင်မှုတွင် သာမန် အေးခဲသည့်နည်းလမ်းများထက် ပိုမို အဆင့်မြင့်ပါသည်။

 

ဘာအတွက် သန္ဓေသားကို အေးခဲမလဲ

သားအိမ်ထဲသို့ ပြန်လည်ထည့်သွင်းရန်အတွက် လိုအပ်သည်ထက် များပြားနေသော သန္ဓေသား ၃၊ ၄ ခုရှိနေသည့်အခါမျိုး၊ သန္ဓေသားကို ပြန်လည် ထည့်သွင်း၍ မရနိုင်သည့်အခါမျိုးတွင် နောင်တွင်ပြုလုပ်မည့် ကုသမှုများအတွက် မျိုးဥ ပြန်လည်ရယူခြင်းနှင့် သန္ဓေအောင်ရန်ရည်ရွယ်ချက်ဖြင့် သန္ဓေသားကို သိမ်းဆည်းထားနိုင်ပါသည်။ သန္ဓေသားအေးခဲခြင်းသည် ကိုယ်ဝန်ရစေနိုင်သည့် အခွင့်အလမ်းများကို တိုးမြှင့်ရန်၊ သို့မဟုတ် ဇနီးမောင်နှံများအနေဖြင့် IVF လုပ်ငန်းစဥ် အစအဆုံး ပြန်လုပ်စရာမလိုဘဲ နောက်ထပ် ကိုယ်ဝန်ယူနိုင်စေ ရန်အတွက် အသုံးဝင်ပါသည်။

BDMS Wellness Clinic ရှိ Fertility Clinic သည် နိုက်ထရိုဂျင်အရည်တွင် အဖမျိုးစေ့ကို မသိမ်းဆည်းမီ ကွန်ပျူတာဖြင့် ထိန်းချုပ်လျက် အပူချိန်ကို လျှော့ချခြင်းဖြင့် အဖမျိုးစေ့ကို သိုလှောင် သိမ်းဆည်းမည်ဖြစ်ပါသည်။ ဤသို့ ပြုလုပ်ခြင်းဖြင့် အဖမျိုးစေ့၏ ပုံသဏ္ဍာန်အနေအထားကို ထိန်းသိမ်းနိုင်ပြီး ရှင်သန်နိုင်မှုကိုလည်း တိုးမြှင့်ပေးပါသည်။ နောင်တွင်အဆိုပါ အဖမျိုးစေ့များကို မျိုးဥနှင့် သန္ဓေသားဖောက်ရန်အတွက် အရည်ပျော်အောင် ပြန်လုပ်မည်ဖြစ်ပါသည်။ ထို့အပြင် အဖမျိုးစေ့စုဆောင်းရန် အခက်အခဲရှိသူများ၊ သို့မဟုတ် ကုသမှုခံယူသည့်အနေတွင် အဖမျိုးစေ့ထုတ်ပေးနိုင်ခြင်းမရှိသော အမျိုးသားများအတွက် ၎င်းတို့၏ ကြိုတင်စုဆောင်းထားနိုင်ပါသည်။