Call+66 2 826 9971

2/4 Wireless Road, Lumpini, Pathumwan, Bangkok 10330

08:00-17:00 MON - FRI, 08:00-12:00 SAT

EmbryoScope

EmbryoScope ဆိုသည်မှာ ပတ်ဝန်းကျင်၊ စိုထိုင်းမှု၊ pH နှင့် (ကာဘွန်ဒိုင်အောက်ဆိုဒ်၊ အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင် ကဲ့သို့သော) ဓာတ်ငွေ့များ တည်ငြိမ်မှုကို ထိန်းချုပ်နိုင်သည့် incubator ခေါ် အထူးသိုလှောင် ကိရိယာဖြစ်ပါသည်။ ဤကိရိယာတွင် မူလကတည်းက တပ်ဆင်ထားသော အနုကြည့် မှန်ပြောင်း ကင်မရာတို့ကို ထည့်သွင်းထားပါသည်။ ထိုသို့ ထည့်သွင်းထားခြင်းကြောင့် ငါးရက်ကြာ ပျိုးထောင်ရေးကာတစ်လျှောက် သန္ဓေသားလောင်းကို incubator ထဲမှ ထုတ်စရာမလိုဘဲ timpe-lapse ပုံများ ရိုက်ယူ၍ ရစေနိုင်သည်။

သ‌န္ဓေသားလောင်း ပျိုးထောင်ရေးအခြေအနေများကို ပျုစုပျိုးထောင်ရေးကာလတစ်လျှောက် တည်ငြိမ်မှုရှိသော၊ အသင့်လျှော်ဆုံးသော ပတ်ဝန်းကျင်တွင် ထိန်းချုပ်ထားပါသည်။ ထို့အပြင် သန္ဓေသားလောင် ဖွံ့ဖြိုးလာမှုကို စဥ်စားမပြတ် တိကျစွာ စောင့်ကြည့်နိုင်ပါသည်။ ထိုသို့ ပြုလုပ်သောကြောင့် အောင်မြင်သော ကိုယ်ဝန်ရရှိနှုန်း မြင့်မားစေရန် သန္ဓေသားလောင်းရွှေ့ပြောင်းခြင်းအတွက် အကောင်းဆုံးသော သန္ဓေသားလောင်းများကို ရွေးချယ်ရာတွင် အထောက်အကူဖြစ်ပါသည်။

EmbryoScope ၏ အကျိုးကျေးဇူးများ

  • EmbryoScope မှာ ပြင်ပမှအနှောင့်အယှက်များ ကင်းလွတ်သော သန္ဓေသား ပျိုးထောင်ရေးကို ဆောင်ရွက်ရန် ဒီဇိုင်းဆွဲထားပါသည်။
  • EmbryoScope သည် IVF နည်းလမ်းကို အသုံးပြုကာ ကိုယ်ဝန်မရခြင်းကို ကုသရတွင် အောင်မြင်မှု ရာခိုင်နှုန်းကို မြင့်မားစေပါသည်။

เตรียมความพร้อมการมีบุตร ปรึกษาหรือนัดหมายแพทย์ ผ่านทาง Line