Call+66 2 826 9971

2/4 Wireless Road, Lumpini, Pathumwan, Bangkok 10330

08:00-17:00 MON - FRI, 08:00-12:00 SAT

သန္ဓေသားလောင်းကို သားအိမ်ထဲ ပြန်မထည့်မီ မျိုးဗီဇစစ်ဆေးခြင်း (PGS)

Preimplantation Genetic Screening (PGS)
ဆိုသည်မှာ သန္ဓေသားလောင်းကို အမိဝမ်းထဲ ပြန်မထည့်မီ သန္ဓေသားလောင်းတွင် မျိုးဗီဇ ချို့ယွင်းမှုရှိမရှိ စစ်ဆေးခြင်း၊ chromosome ယိုယွင်းမှုရှိမရှိ စစ်ဆေးခြင်းဖြစ်ပါသည်။ PGS သည် ကိုယ်ဝန်ရရှိမှု အောင်မြင်နိုင်ချေကို တိုးမြှင့်ပေးပြီး မျိုးဗီဇနှင့် ဆက်စပ်သော ရောဂါများဖြစ်နိုင်ချေကို လျှော့ချပေးပါသည်။

Next-generation sequencing (NGS) ဆိုသည်မှာ chromosome များ များပြားလွန်းနေခြင်း၊ လုံးဝမပါရှိခြင်းတို့ကို စစ်ဆေးနိုင်သည့် အဆင့်မြင့် မျိုးဗီဇစစ်ဆေးခြင်းဖြစ်သည်။ ထိုနည်းလမ်းက ပထမသုံးလအတွင်း သန္ဓေသားလောင် ပြန်လည်ထည့်သွင်းမှု မအောင်မြင်ခြင်း၊ ကလေးပျက်ကျခြင်းများကို လျှော့ချပေးနိုင်သကဲ့သို့ မိခင်ဖြစ်သူ အသက်ကြီးလွန်းနေခြင်းပြဿနာကိုလည်း လျှော့ချပေးသည်။ NGS နည်းလမ်းမှာ ပုံစံမမှန်သော chromosome ရှိနေခြင်းကို တစ်ကြိမ်လျှင် အစုံပေါင်း ၂၃ ခုအထိ တိကျစွာစစ်ဆေးပေးနိုင်ပြီး အခြားသော နည်းလမ်းများနှင့် ယှဥ်လိုက်လျှင် false positive rate ပြသမှုနှုန်း အနိမ့်ဆုံးဖြင့် စစ်ဆေးအဖြေထုတ်ပေးနိုင်ပါသည်။ ၇ရက်မှ ၁၀ ရက်အတွင်း ရလဒ်များ ရရှိနိုင်ပါသည်။


เตรียมความพร้อมการมีบุตร ปรึกษาหรือนัดหมายแพทย์ ผ่านทาง Line