Call+66 2 826 9971

2/4 Wireless Road, Lumpini, Pathumwan, Bangkok 10330

08:00-17:00 MON - FRI, 08:00-12:00 SAT

Assisted Hatching

Assisted Hatching (AH) ဆိုသည်မှာ သန္ဓေသားလောင်း၏ အပြင်နံရံက ၁၅ မီလီမီတာ (သာမန်မျက်စိဖြင့် မမြင်နိုင်ဘဲ အနုကြည့်မှန်ပြောင်းအောက်တွင်မှ မြင်ရသော အရာဝတ္ထုများအတွက် အတိုင်းအတာ) ထက်ပိုမို ထူထဲနေသောအခါ အဆိုပါ အခွံက သန္ဓေသားလောင်း‌ကို သန္ဓေမအောင်အောင် တားဆီးနေသည့်အခါမျိုး၊ သို့မဟုတ် zona pellucida အကာအကွယ်မှ ဖောက်မထွက်နိုင်သောအခါမျိုးတွင် အဆိုပါ ပြဿနများကို ကျော်လွှားသည့် ဓာတ်ခွဲခန်း နည်းလမ်းတစ်ခုဖြစ်ပါသည်။ သန္ဓေသားလောင်းအနေဖြင့် အဆိုပါ အခွံကို ဖောက်ထွက်နိုင်စေရန် အရိုးရှင်းဆုံးသော နည်းလမ်းမှာ အပြင်ခွံကို အားနည်းသွားအောင်လုပ်ရန် သို့မဟုတ် zona pellucida ကို သေးငယ်သော အပေါက်ကလေး ဖောက်ပေးရန်ဖြစ်သည်။ ထို့သို့ ပြုလုပ်မှသာ သန္ဓေသားလောင်းအနေဖြင့် ကျယ်ပြန့်လာကာ သားအိမ်နံရံသို့ တွယ်ကပ်နိုင်မည်ဖြစ်သည်။ နောက်နည်းလမ်းတစ်ခုမှာ Laser Assisted Hatching သို့မဟုတ် LAH ဟု ခေါ်သော အခွံကို ခွဲသည့် နည်းလမ်းဖြစ်သည်။ LAH မှာ တိကျမှုမြင့်မားပြီး သန္ဓေသားလောင်းကို ထိခိုက်မှုမရှိပေ။ ထို့ကြောင့် ကိုယ်ရရှိရန် အောင်မြင်နှုန်း များနိုင်ပါသည်။